Saturday 11 May 2013

Battery Saver Du+Switch Widget v2.2.5.pro for android(latest version)


ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ဖုန်း ဘက်ထရီအားကုန်လွယ်မှာ စိုးရိမ်ရသူတွေ ကို ဖြေဖျောက်ပေးမယ့် DU battery saver pro update version လေးဖြစ်ပါတယ်။

မေလ (9) ရက်နေ့မှာ Update ထွက်ရှိလာတာကြောင့် ပြန်တင်လိုက်ပါတယ် ..။

မိမိဖုန်းရဲ့ ဘက်ထရီကို saving လုပ်ပေးရုံတင်မကပဲ ဖုန်းရဲ့background tasks cleaning system ပါ ပါရှိတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် တဲ့ဆော့ဝဲလ်ကောင်းလေးပါ ……။

One key control ဆိုတဲ့အတိုင်း သုံးစွဲသူလွယ်ကူစေဖို့ Switchs များ ထည့်ပေးထားတာဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့ Switch ကို လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်တာကို တွေ့ရှိရမှာပါ … ။

မိမိဖုန်းရဲ့ နောက်ကွယ်က apps၊hardwareတွရဲ့ running ပုံစံပါပြပေးထားမှာ ဖြစ်သလို မလိုအပ်ပဲ run နေတဲ့ apps တွေကို ရှင်းလင်းရပ်တန့်ဖို့ optimize စနစ်ကို phone ရဲ့ home screen မှာ auto တပ်ဆင်ပေးမှာဖြစ်ပါတယ် … ။

‘ဒါအပြင် ဖုန်းရဲ့ status bar ပေါ်က power icon style ကိုလည်း ကြိုက်သလိုရွေးချယ်နိုင်ဖို့ Themes များထည့်သွင်းပေးထားပါတယ် ခင်ဗျာ…………….။

google play မှာ 23.20 ဒေါ်လာ ပေးဝယ်ယူသုံးစွဲရမှာဖြစ်ပြီး Myanmar Mobile App store မှာ freedownload ရယူနိုင်ပါတယ် ..အောက် က Link မှာ ရယူနိုင်ပါတယ် ..

Battery Saver Du+Switch Widget v2.2.5.pro အားရယူရန်



from မြန်မာ Mobile Application စတိုး by Myo Minn Thant

DhammaDroid v2.2.4.1 for Android (ဓမ္မဒရွိုက်)



Android ဖုန်း/Tablet တွေပေါ်ကနေ ဗုဒ္ဓရဲ့တရားတော်တွေကိုနာကြားရွတ်ဖတ်ချင်သူတွေအတွက် DhammaDroid အသစ်ထွက် version ကိုတင်ပေးလိုက်ပါတယ်။
  • ပရိတ်ကြီး ၁၁ သုတ်
  • ပဋ္ဌာန်းတရားတော်
  • ဂုဏ်တော်များ + ရှစ်ပါးသီလ
  • ဂုဏ်တော်ကွန်ချာ
  • ဓမ္မစကြာ + အနတ္တလက္ခဏသုတ် + မဟာသမယသုတ်
  • မေတ္တာပို့
  • အမျှဝေ စတဲ့ တရားတော်များကို ရွတ်ဖတ်နာကြားနိုင်မှာဖြစ်ပါတယ်။
တရားတော်များကို အသံနဲ့လည်း နာကြားနိုင်မှာဖြစ်ပြီးအသံနဲ့နာကြားမယ်ဆိုရင်တော့ဖုန်းကိုအင်တာနက်
ချိတ်ဆက်ထားဖို့လိုပါတယ်။


ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက်ရှိထားသင့်တဲ့ application လေးဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

DhammaDroid v2.2.4.1 for Android အားရယူရန်

DhammaDroid Developer Name- Ko PYE PHYO HAN (ကိုပြည့်ဖြိုးဟန်)

from မြန်မာ Mobile Application စတိုး by သက်နိုင်စိုး

Android ဖုန်းတွေအတွက် Shwebook အင်္ဂလိပ် + မြန်မာ အဘိဓာန်လေးပါ




Android ဖုန်းတွေအတွက် Shwebook အင်္ဂလိပ် + မြန်မာ အဘိဓာန်လေးပါ...။


The Shwebook Application Dictionary found by foolish coder guy, whose name is Kyaw Kyaw, but the closed friends call "Chee Toke", "Tayoke Kyie. He just started learning Android a week to do Shwebook Application, Really? Do not envy me ;). I have a closed friend, who is an Android Guru, really smart and very kind person, he was involved in about 50 percent of this project. This is just a small story of Shwebook Application. Shwebook English Myanmar offline dictionary is completely free, forever open source Android application. No copyright, no license, no conditions of use. Want to contribute? You are welcome. 

How to download 
Wait 5 Seconds

Click "Skip"

Wait 5 Seconds

Click "Skip"

Sunday 5 May 2013

Kaspersky Antivirus 2013 latest version

ဒါကတော့ Kaspersky Antivirus 2013 ပါ။ window 8 နှင့် အဆင်ပြေပါတယ်။ keys တွေကိုတော့ အမြဲတမ်း uptodate တင်ပေးနေတာ ဖြစ်သဖြင့် key ထည့်ပြီး သက်တမ်းတိုးတာကတော့ ကိုယ့်ဟာကို လုပ်ယူကြပါ။ video နဲ့ သေချာ ရှင်းပေးထားပါတယ်။ pdf နှင့် ရှင်းထားတာ ထပ်ပြီး ဖြည့်စွက် ပေးပါ့မယ်။ blog ရေးနည်းစာအုပ် အသစ်ပြန်ရေးနေလို့ pdf လည်း နည်းနည်းစီပဲ လုပ်ရသေးတယ်။ ကဲ အောက်မှာ Download လုပ်လိုက်ပါ။

Download Directmirror | Solidfiles

=====================================
[[[ Kaspersky version အားလုံးအတွက် keys များကို ဒီပို့စ်တွင် အမြဲ update တင်ပေးနေပါသည် ]]]
======================================
 
=====================================
[[[ Kaspersky key ထည့်နည်းကို ဒီပို့စ်တွင် Video ဖြင့် ရှင်းပြပေးထားပါသည် ]]]
======================================
 

Taskbar က Icons တွေကို ဘယ်လို Show/Hide လုပ်မလဲ (Video ရှင်းပြချက်)

Video Tutorial name = show/hide icons from taskbar
File size = 5.43 MB

 taskbar က နာရီနဲ့ ရက်စွဲ ပျောက်နေလို့ ဆိုပြီး မေးထားလို့ပါ။  အရင်က video tutorial နဲ့ ရှင်းပြချက်တွေမှာ ပါပြီးသားပါ။ ဒါပေမယ့် ကျနော့်အတွက်လည်း နောက်ပိုင်းရှင်းရတာ လွယ်ကူအောင် စာနဲ့မရှင်းတော့ဘဲနဲ့ video ဖိုင်နဲ့ ရှင်းပြလိုက်ပါတယ်။ video ဖိုင်ဆိုလို့ အရင် နှစ်ပတ် လောက်တုန်းက တင်ပေးခဲ့တဲ့ video တွေလိုတော့ ဖိုက်ဆိုက်ကြီးမှာ မဟုတ်ဘူး MB သာသာ ဖိုင်လေးတွေနဲ့ပဲ ရအောင် ရှင်းပေးသွားမှာပါ။ အရင်က video တွေအစား အားလုံးကို ပုံကြည်လင်ပြီး ဖိုက်ဆိုက် သေးသေးလေးတွေနဲ့ ထပ်ပီးတော့ ရှင်းပြပြီး video အသစ်ပြန် တင်ပေးမှာပါ။ အောက်မှာ Download လုပ်လိုက်ပါ။

Blu-ray disc တွေအတွက် 4Easysoft Blu-ray Ripper Pro 3.1.36

Blu-ray disc အတွင် အကောင်းဆုံး converter ပါ။ ဒါကတော့ blu-ray disc အခွေကနေ video ဒါမှမဟုတ် audio ကို ပြောင်းချင်တဲ့သူများအတွက် output video ကို quality အကောင်းဆုံးဖြင့် convert လုပ်ပေးနိုင်ပါတယ်။ လုပ်နိုင်တာတွေတော့ အများကြီးပါ။ ထပ်ပြီးအသစ်တွေ တင်နေတာသည် window 8 နှင့် ကိုက်ညီသည့် software များကိုသာ တင်ပေး နေတာဖြစ်ပါတယ်။ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

Download Directmirror | One2up | Solidfiles | Dropbox

Advanced jpeg compressor version 2012.9.3

ဒါကတော့ ဓါတ်ပုံတစ်ပုံကို resolution file size ကို လျှော့ချလိုက်ပေမယ့် မူရင်းဓါတ်ပုံ အရည်အသွေး အတိုင်း  ကြည်လင်ပြတ်သား နေအောင် ၀ါးမသွားအောင် လုပ်လို့ရတဲ့ software လိုချင်တယ်ဆိုပြီး မေးလ်ပို့ပြီး တောင်းထားပါတယ်။ အဲ့အတွက် တင်ပေးလိုက်တာပါ။ ဒီ software ကို ဘယ်နေရာတွေမှာ သုံးသလဲဆိုရင် မိမိရဲ့ ဓါတ်ပုံတွေ အများကြီးကို gmail ကနေ ပို့ချင်တယ်။ ဒါပေမယ့် ဓါတ်ပုံ size က အရမ်းကြီးနေတယ်။ size ကို ငယ်ချပြီး ပို့ဖို့ကျတော့လည်း ပုံရဲ့ quality (resolution) အရမ်းကျသွားမှာ စိုးနေတယ်ဆိုရင်တော့ ဒီ software ကို သုံးကြည့်လိုက်ပါ။ ဓါတ်ပုံ အရွယ်အစား သေးသွားပေမယ့် ပုံကတော့ မူရင်း အရည်အသွေးတိုင်း ရှိနေမှာပါ။ ၀ါးမသွားပါဘူး။ jpg, png, gif, အစရှိတဲ့ ဓါတ်ပုံ format တွေကို ကြိုက်သလို ပြောင်းလို့လဲ ရပါတယ်။ logo လေးတွေ လုပ်ချင်တာကအစ ဒီကောင်လေးနဲ့ လုပ်ကြည့်တာ ဓါတ်ပုံ ဆိုက်သေးသွားသည့်တိုင်အောင် ပုံက ကြည်လင်ပြတ်သားပြီး ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ 

Download Directmirror | One2up | Dropbox | Solidfiles

Monday 29 April 2013

Google Play Store မှ Free Application များကို ကွန်ပြူတာမှ တိုက်ရိုက် Download လုပ်နည်း

Google Play Store ကို ၀င်လို့ မရသူများအတွက် ကွန်ပျူတာကနေ တိုက်ရိုက် Download လုပ်နိုင်မယ့် နည်းလေးပါ။
အရင်ဆုံး လိုအပ်တာတွေကို ဒီမှာဒေါင်းလိုက်ပါ။
http://www.mediafire.com/?zap6z2kovllqbfa




ဒေါင်းလို့ရတဲ့ ဇစ်ဖိုင်ကို ဖြည်ပြီး Folder တစ်ခုထဲ ထည့်လိုက်ပါ။ သုံးဖိုင် ထွက်လာပါမယ်။

(( မှတ်ချက် ။ ။ သင့်စက်မှာရှိသော ဘရောက်ဇာ Chrome ကို Uninstall လုပ်ပြီး ကျနော်ပေးထားတဲ့ Chrome ကို Intall လုပ်ပါ ကျွန်တော်ပေးတဲ့ chrome က setting ထည့်ပြီးသားပေးလိုက်တာပါ အဲဒါနဲ့မှ အဆင်ပြေမှာ proxy ပါ ထည့်ထားပေးထားခြင်းကြောင့်ပါ တစ်ခြား chrome နဲ့မရဘူး fg737.exe ဖွင့်လို့ တရုတ်စာနဲ့ page မကျရင် မရပါဘူး ))

(၁) fg737p.exe ကိုဖွင့်ပါ။ Ok ပဲ ဆက်တိုက်နှိပ်ပါ။
Browser တစ်ခု တရုတ်စာများနဲ့ ကျလာပါမယ်။ Browser ကို ပိတ်လိုက်ပါ။ (( Software ကိုမပိတ်ပါနဲ့။ ))

(၂) Google Chrome.exe ကို ဖွင့်လိုက်ပါ။ နမူနာ page တစ်ခု တစ်ခါတည်းကျလာပါမယ်။ 
Loading ပြီးအောင်စောင့်ပါ။ ပြီးသွားပါက ကိုယ်ဒေါင်းချင်တဲ့တစ်ခုခုထဲကိုဝင်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း အပေါ် Address Bar က ကြယ်လေး နားမှာ Android စက်ရုပ်ပုံလေးကို နှိပ်လိုက်ပါက Christmas Countdown Free 2012  ကို   ဒေါင်းလို့ရပါပြီ။
သိမ်းမယ့်နေရာရွေးပေးပါ။ တစ်ခြား Application များကို လည်း အထက်ပါနည်းအတိုင်း ဆက်လက် Download  လုပ်နိုင်ပါသည်။

ကိုယ်တိုင်စမ်းသပ်ထားပြီး အဆင်ပြေပါသည်။

Android ဖုန်းအတွက် Apk အလွယ်ဖန်တီးမယ်

လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ 
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။ 
ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။
ကျနော်ကတော့ ကျနော်တို့ဘလော့လေးတစ်ခုကို Apk Market လေးတစ်ခုအဖြစ် လုပ်လိုက်ပါတယ် 
http://soeminwin.blogspot.com ရဲ့  App Market ကိုလိုချင်ရင်   ဒီမှာနှိပ်ပါ...

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

ဆိုက်ထဲရောက်ပြီဆိုရင် အဲဒီမှာ ကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း CREATE APP NOW! ဆိုတဲ့စာလေးကိုနှိပ်လိုပါ





အောက်ကကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကို နှိပ်လိုက်ပါ ။




အဲဒီမှာ အောက်ကကျနော်ပုံမှာ ပြထားတဲ့အတိုင်း 

( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ

( 2 )  သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။

Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။

( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် My Computer ဘောက်လေးထွက်လာပါမယ် သင်မှာရှိသောပုံကို ရွေးခြယ်ပြီး iCon ပုံထားနိုင်ပါတယ် ။

( 4 )  Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP  ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ လုပ်ပြီးတဲ့အခါမှာ အောက်ကပုံအတိုင်းထွက်လာပါမယ် သူ့ဆိုက်မှာ မန်ဘာဝင်ဖို့ရန် Register ဖြည့်ရပါမယ် ။
First Name = သင့်ရဲ့နာမည်ဖြည့်ရန်

Last Name = သင့်ရဲ့နာမည်ဖြည့်ရန်

E-mail    =  သင့်ရဲ့ အီးမေးဖြည့်ရန်

Password = သင်သူ့ဆိုက်ကို ဝင်ဖို့ရန် ကြိုက်နှစ်သက်ရာ ပတ်စဝတ် ထည့်ရန်

Retype Password = သင်ထည့်ထားသော ပတ်စဝတ်ကို နောက်တစ်ခါမှန်အောင်ဖြည့်ထည့်ရန်

I agree with the ဆိုတဲ့ မြှားပြထားတဲ့စာလေးကို အမှန်ခြစ်ပေးပါ ။
အားလုံးပြီးပြီဆိုရင်တော့ ပုံမှာဝိုင်းပြထားတဲ့ SIGN UP ဆိုတဲ့စာလေး နှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ အားလုံးဖြည့်ပြီးပြီဆိုရင် မိမိလုပ်ထားသော Apk ဆော့ဝဲလေးအား ဒေါင်းဖို့ရန် Download စာမျက်နှာလေးထွက်လာပါပြီ ပုံမှာမြှားပြထားသော စာလေးကိုနှိပ်၍ သင့်ဆော့ဝဲ Apk အားဒေါင်းနိုင်ပါပြီ ။




ကဲ... အားလုံးပဲ အဆင်ပြေစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ.....